မှူခင်းသတင်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ “ပို့ပို့”အာမခံစိန်ရွှေရတနာဆိုင်အား ခြောက်လှန့်လုယက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက်ခဲယမ်း၊ သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၃
    
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ “ပို့ပို့”အာမခံစိန်ရွှေရတနာဆိုင်အား ခြောက်လှန့် လုယက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက်ခဲယမ်း၊ သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ နိုင်ငံတော် ဆန့်ကျင်ရေး စာသားပါ စာရွက်များနှင့်အတူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၂

နိုင်ငံတော်အတွင်း  ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရေးအတွက် NUG အကြမ်းဖက်အဖွဲ့သည် နောက်ကွယ်မှ   သွေးထိုးလှုံ့ဆော်မှုများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသားလှုံ့ဆော် ဖြန့်ဝေသူများကိုလည်း နိုင်ငံတော် တည်ငြိမ်ရေးအတွက် ရှေးရှုကာ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

ကနီမြို့နယ် အတွင်း၌ ဆူပူအကြမ်းဖက်သူများအား ဆူပူအကြမ်းဖက်မှု လုပ်ရပ်များ ပြုလုပ်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့်အတူဖမ်းဆီးရမိ

နေပြည်တော် မေ  ၁၂

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင်အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်  မေ  ၁၂

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိသည်။

ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ သည် ယနေ့နံနက် ၄ နာရီခန့်တွင် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ သီရိမြိုင်လမ်းရှိ စည်သူမျိုး(ဘ) ဦးမျိုးအောင်အား ၎င်း၏နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၄ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၃၀ ကျော်)ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

နန့်မွန်းမြို့၊ လုံးတုံစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၁ ဦးဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန့်မွန်းမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာရှိ လုံးတုံစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေး ဆောင်ရွက်စဉ် မေ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် နန့်မွန်းမြို့ဘက်မှ ဟဲပန်ကျေးရွာဘက်သို့ စိုးအောင် (ဘ)ဦးတင်ဖေမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဂွမ်းစောင်ထည့်ထားသည့် အိတ်အတွင်းမှ ဘိန်းဖြူမှုန့် ၁၀ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၁၁ ခွက် ၁၁၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၇၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ညောင်တုန်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၀

 

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၀

 

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုက်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ပေါက်ကွဲမှုဖြစ်ပွားမှုအား စစ်ဆေးရန်သွားရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများမှ လက်နက်ငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ ၁၀