နမ့်ခမ်းမြို့၌ ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော်နေသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့က လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် ဆင်ခြင်တုံ တရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်
Submitted by mgmgtharlaydsitd on Mon, 06/28/2021 - 22:21နေပြည်တော်၊ ဇွန် - ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခန်းမြို့နှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံ တိုင်းရင်းသားပြည်သူများက ၎င်းတို့နယ်မြေအတွင်း SSPP/SSA(ဝမ်ဟိုင်း) အဖွဲ့အား မလိုလားကြောင်း ယနေ့နေ့လယ်ပိုင်းတွင် ငြိမ်းချမ်းစွာ လှည့်လည်၍ ဆန္ဒထုတ်ဖော်စဉ် SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့က လက်နက်ငယ်၊ လက်ပစ်ဗုံးတို့ဖြင့် လာရောက်ပစ်ခတ် ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။