မှူခင်းသတင်း

မြို့နယ်အချို့၌   ဆူပူဆန္ဒပြသူများအား လူစုခွဲရှင်းလင်းခဲ့ပြီး ပါဝင်သူအချို့အား ဆူပူဆန္ဒပြရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၅

    ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် မြို့နယ်အချို့၌   ဆူပူဆန္ဒပြသူများအား လူစုခွဲရှင်းလင်း ခဲ့ပြီး ပါဝင်သူအချို့အား ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၁၅-၅-၂၀၂၁)

နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှု အပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံအားပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီးဖြစ်ပါသည်-

တောင်ငူမြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်နှင့် နယ်မြေခံတပ်ရင်းများသို့ ၁၀၇ မမရှော့တိုက်ဒုံးဖြင့် နှောင့်ယှက်ပစ်ခတ်

နေပြည်တော်၊ မေ - ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ နယ်မြေခံ လေတပ်စခန်းဌာန ချုပ်နှင့် နယ်မြေခံတပ်ရင်းတို့အား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ခေါင်းဆောင်နှင့် အင်အား(စိစစ်ဆဲ)အကြမ်းဖက်သူများက ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်၌ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦးသေဆုံး

နေပြည်တော်၊ မေ - ၁၅

    နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထု များကြားတွင် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ကာ ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ်၌ အေးချမ်းစွာ သွားလာနေသော အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရှိရ သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ တိုက်ခိုက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၅

    ဆူပူအကြမ်းဖက်သူများ အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှုကို ပျက်ပြားစေရန် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်း များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်၍ အေးချမ်းစွာ နေထိုင်လိုကြသော အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားပြီး ဒလန်ဟု စွပ်စွဲတိုက်ခိုက်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြု တိုက်ခိုက်ခြင်းများအား လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၁၅-၅-၂၀၂၁)

မြို့နယ်အချို့၌ နိုင်ငံတော်ပိုင်အဆောက်အဦများအား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့

နေပြည်တော် မေ ၁၃

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၃
    

မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

နေပြည်တော်၊ မေ -၁၃

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိသည်။
 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ နိုင်ငံတော်ဆန့်ကျင်ရေးအဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်အဖွဲ့အား သွားရောက်ရှင်းလင်းစဉ် အမျိုးသား ၂ ဦးအား တူမီးသေနတ်၊ လက်လုပ်သေနတ်၊ ဂက်စ်သေနတ်၊ ပြောင်းချောသေနတ်များ၊ လက်လုပ်မိုင်း၊ လက်လုပ

နေပြည်တော်၊ မေ ၁၃
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ နိုင်ငံတော်ဆန့်ကျင်ရေး အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်အဖွဲ့အား သွားရောက်ရှင်းလင်းစဉ် အမျိုးသား ၂ ဦးအား တူမီးသေနတ်၊ လက်လုပ်သေနတ်၊ ဂက်စ်သေနတ်၊ ပြောင်းချောသေနတ်များ၊ လက်လုပ်မိုင်း၊ လက်လုပ်ဗုံးအများအပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။