အားကစား

၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲစတင် ရန်ကုန်ယူနိုက်တက်က မြဝတီအက်ဖ်စီကို နှစ်ဂိုးပြတ်အနိုင်ရ

နေပြည်တော်  ဇွန် ၂၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီ တွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁) ပွဲစဉ်အဖြစ် မြဝတီအက်ဖ်စီ- ရန်ကုန် ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်မှ မြဝတီအက်ဖ်စီအား ၂ ဂိုး မရှိဖြင့် အနိုင်ရရှိသည်။

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမနေ့ကျင်းပ

ရန်ကုန် ဇွန် ၂၅

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကွာတားဖိုင်နယ် ပထမနေ့ ပြိုင်ပွဲကို ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ Club အသင်းများမှ လက်ဝှေ့အားကစားသမားများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တာဝန် ရှိသူများ၊ လက်ဝှေ့ဝါသနာရှင်များ တက် ရောက်အားပေးခဲ့ကြသည်။

မန်စီးတီးအသင်းက လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် ဒုတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် လိဒ်အသင်းမှ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူရန် သဘောတူညီမှုရရှိ

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းက လက်ရှိကစားသမားအပြောင်း အရွှေ့ကာလတွင် ဒုတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် မြို့ခံပြိုင်ဘက်   မန်ယူအသင်းကို ကျော်ဖြတ်ပြီး လိဒ်အသင်းမှ ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

တိုက်စစ်မှူးမာနေး ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့ပြီးနောက် အာဖရိကကစားသမားများတွင် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံး၌ရပ်တည်

တိုက်စစ်မှူးမာနေး ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့ပြီးနောက် အာဖရိကကစားသမားများတွင် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံး၌ရပ်တည်

ပါရီ၊ ဘောလုံး

လီဗာပူးအသင်းတိုက်စစ်မှူးမာနေးသည် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် လက်ရှိ အာဖရိက ကစားသမား များတွင် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဆုပေးပွဲကျင်းပ

ဗန်းမော်၊  အားကစား

ကချင်ပြည်နယ် ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ်၏၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ဘာသာရပ်ပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇွန် ၂၄ ရက် မွန်းလွဲပိုင်းတွင် ဗန်းမော်တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။ အခမ်းအနား တွင် ပထမဆုရ ဗန်းမော်တက္ကသိုလ်မှ ဘူမိဗေဒအထူးပြု ဘာသာရပ်အသင်း၊ ဒုတိယဆုရ သမိုင်းအထူးပြုဘာသာရပ်အသင်းနှင့် တတိယဆုရ ပထဝီဝင် အထူးပြုဘာသာရပ်အသင်းတို့ကို ဗန်းမော်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်သင်နှင့် ပါမောက္ခ ဌာနမှူးများက   ဆုများအသီးသီးပေးအပ်ကြသည်။        

မန်ယူအသင်းမှ ထွက်ခွာခဲ့သည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူရန် သဘောတူညီမှုရရှိ

မန်ယူအသင်းမှ ထွက်ခွာခဲ့သည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူရန် သဘောတူညီမှုရရှိ

ဂျူဗင်တပ်စ်အသင်းက မန်ယူအသင်းနှင့် လမ်းခွဲခဲ့သည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် ဂျူဗင်တပ်စ်အသင်းနှင့်  လာရောက် ပူးပေါင်းကာ အပြီးသတ်လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

ဥရောပထိပ်တန်း အသင်းကြီးများက ခေါ်ယူရန်စီစဉ်နေသည့် တိုက်စစ်မှူး အန်ကူကူကို လိုက်ပဇစ်အသင်း သက်တမ်းတိုး စာချုပ်ချုပ်ဆို

ဥရောပထိပ်တန်း အသင်းကြီးများက ခေါ်ယူရန်စီစဉ်နေသည့် တိုက်စစ်မှူး အန်ကူကူကို လိုက်ပဇစ်အသင်း သက်တမ်းတိုး စာချုပ်ချုပ်ဆို

လိုက်ပဇစ်အသင်းသည် ဥရောပထိပ်တန်း အသင်းကြီးများက  ခေါ်ယူရန်စီစဉ်နေသည့်  တိုက်စစ်မှူး အန်ကူကူကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ပြီဟု  အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၂၄ ရက်တွင် စစ်တွေမြို့ဓညဝတီ အားကစားခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

၂၀၂၂ ခုနှစ်  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ   အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို မုံရွာမြို့  ပြည်သူ့ အားကစားကွင်း အတွင်းရှိ   မိုးလုံလေလုံ အားကစားရုံကြီး၌  ဇွန်၂၄ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

တိုက်စစ်မှူး လီဝန်ဒေါစကီးကို စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်း၌ထားရှိမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာဆို

ဘိုင်ယန်မြူးနစ်အသင်း   အားကစားဒါရိုက်တာဟာမစ်ဇစ်က   မိမိတို့အနေဖြင့်   အသင်းတိုက်စစ် ကစားသမား လီဝန်ဒေါစကီးကို လက်လွှတ်မည်မဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ     အသင်း၌ ထားရှိမည်ဖြစ်ကာ ၎င်းအနေဖြင့် အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များတွင် လာရောက်ပူးပေါင်းလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။