အားကစား

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၉

 ၂၀၂၂ ခုနှစ်  ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၈ နာရီမှစတင်၍ နှစ်ယောက်တွဲအသင်းလိုက် (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များယှဉ်ပြိုင် ကစားကြသည်။

၀န်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများ ဆက်လက်ကျင်းပ

၀န်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၉

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်  ၈ နာရီမှစတင် ကျင်းပသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစဉ်အရေအတွက်နှစ်ဆခန့်တိုးမြင့်လာစေရေး ပြိုင်ပွဲဝင်အသင်းအရေအတွက် များလာရန် ပြင်ဆင်နေ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပွဲစဉ်အရေအတွက်နှစ်ဆခန့် တိုးမြင့် လာစေရေး ပြိုင်ပွဲဝင်အသင်းအရေအတွက်များလာ ရန် ပြင်ဆင်နေကြောင်း သိရသည်။

မန်ယူအသင်း၏ ထိုင်းနိုင်ငံခရီးစဉ် အပါအဝင် ရာသီကြိုခြေစမ်းပွဲစဉ်တချို့ကို အဓိကတိုက်စစ်မှူး စီရော်နယ်ဒို လွဲချော်မည်

မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ဖြစ်သည့် ထိုင်းနိုင်ငံခရီးစဉ်အပါအဝင် ရာသီကြိုခြေစမ်း ပွဲစဉ်တချို့ကို   အဓိကတိုက်စစ်မှူး  စီရော်နယ်ဒို လွဲချော်မည်ဖြစ်ကြောင်း မန်ယူအသင်းက အတည်ပြု ကြေညာခဲ့သည်။

သုံးယောက်တွဲ အသင်းလိုက် (အမျိုးသား) ပိုက်ကျာ်ခြင်း ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အသင်း ဗိုလ်စွဲ

သုံးယောက်တွဲ အသင်းလိုက် (အမျိုးသား) ပိုက်ကျာ်ခြင်း ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အသင်း ဗိုလ်စွဲ

နေပြည်တော်  ဇူလိုင်  ၇

လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)ရှိ အားကစားသမားများ၏ စခန်းဝင်လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇူလိုင်  ၆

လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)ရှိ အားကစားသမားများ၏ စခန်းဝင်လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော မျိုးဆက်သစ်  အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

စပါးအသင်းတိုက်စစ်မှူး ရစ်ချာလီဆန် အသင်းဟောင်းနှင့် ပွဲစဉ်မှပြစ်ဒဏ်ကြောင့် လာမည့်ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို လွဲချော်မည်

လက်ရှိ  နွေရာသီကစားသမားအပြောင်းအရွှေ့ ကာလအတွင်း အဲဗာတန်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သည့် တိုက်စစ်မှူး ရစ်ချာလီဆန်သည် အဲဗာတန်အသင်းတွင် ရှိစဉ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမည့်ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ကစားမည့် ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်း နည်းပြသစ်အဖြစ် ဂယ်တီယာကို ခန့်အပ်ပြီးနောက် တိုက်စစ်မှူးနေမာ အသင်းနှင့် ဆက်လက်လက်တွဲဖွယ်ရှိနေ

ပီအက်စ်ဂျီအသင်းသည် အစောပိုင်းက တိုက်စစ်မှူး နေမာကို  လက်ရှိ ကစားသမားအပြောင်းအရွှေ့ ကာလအတွင်း ရောင်းချမည်ဟု ကြေညာထားသော်လည်း နည်းပြသစ်အဖြစ် ဂယ်တီယာကို ခန့်အပ်ခဲ့ပြီးနောက်  နည်းပြသစ်ကိုယ်တိုင်က   နေမာကို အသင်း၌ ဆက်ရှိစေလိုသည့်အတွက်    အသင်းနှင့် ဆက်လက်လက် တွဲဖွယ်ရှိနေကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းက GFA အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိ

ရှမ်းယူနိုက်တက်အသင်းက GFA အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိ

နေပြည်တော်  ဇူလိုင်  ၆

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော  ၂၀၂၂ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ   ပွဲစဉ်(၂)ကို ယနေ့ညနေ ၃ နာရီတွင်  သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၂)မှ   ရှမ်းယူနိုက်တက် အသင်းနှင့်   GFA  အသင်းတို့ ယှဉ်ပြိုင်ကစားရာ   ရှမ်းယူနိုက်တက် အသင်းက  GFA အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

အာဆီယံ ယူ-၁၉ အမျိုးသား ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်ကို အနိုင်ရရှိ

အာဆီယံ ယူ-၁၉ အမျိုးသား ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်ကို အနိုင်ရရှိ

နေပြည်တော်  ဇူလိုင်  ၆

အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship)ပြိုင်ပွဲ အုပ်စု(က) တတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၉ အသင်းနှင့် ဖိလစ်ပိုင် ယူ-၁၉ အသင်းတို့ ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Madya Senayan ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ   မြန်မာယူ-၁၉ အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။