အိမ်ရှင်မတိုင်းနှစ်သက်သည့် နေကြာဆီ
Submitted by mgmgtharlaydsitd on Sat, 03/05/2022 - 11:07အိမ်ရှင်မတိုင်းနှစ်သက်သည့် နေကြာဆီ
ကျွန်တော်တို့နိုင်ငံသည် သဘာဝသယံဇာတ ပေါများပါသည်။ ဆန်ရေစပါး၊ ရေချိုရေအေးတို့လည်း ပြည့်စုံပါသည်။
သစ်တောသစ်ပင်များကလည်း ချစ်ခင်စရာ ကောင်းလောက်အောင် ခုတ်လို့မကုန်နိုင် ရှိပါသည်။ သားငါးပုစွန်စားသောက်ဖွယ်ရာများလည်း ပေါများကြွယ်ဝလှပါသည်။ အထူးအားဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးသည် မြန်မာတို့၏ မိရိုးဖလာအမွေအနှစ်ဖြစ်ပါသည်။ ထိုအမွေအနှစ်များကို ခေတ်မီတိုးတက်သော နည်းပညာဖြင့် မွမ်းမံလိုက်မည်ဆိုပါက မြန်မာတို့သည် သုံးမကုန်လှူမခန်းနှင့် ပြည်ပသို့တင်ပို့နေရမည်မှာ အမှန်ဖြစ်ပါသည်။