BMI အကြောင်း ဂဃနဏ သိလိုသောအခါ
Submitted by mgmgtharlaydsitd on Thu, 07/13/2023 - 15:09BMI အကြောင်း ဂဃနဏ သိလိုသောအခါ
BMI တိုင်းတာခြင်းသည် အလွန်လွယ်ကူရိုးရှင်းသည်။ ငွေကုန်ကြေးကျ နည်းပါးပြီးအချိန်ကုန်သက်သာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization)ကပင် စံသတ်မှတ်ထားသော ခန္ဓာကိုယ်တိုင်းတာခြင်း နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံအသီးသီးသည် လူတို့၏ကျန်းမာရေး အခြေအနေကောင်း၊ မကောင်းအား ယေဘုယျသိရှိနိုင်ရန် ရည်ရွယ်၍ BMI တိုင်းတာခြင်းစနစ်အား တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
BMI ၏ ကနဦးအစ