သိကြားမကယ်နိုင်သော နှလုံးရောဂါ
Submitted by mgmgtharlaydsitd on Sun, 07/31/2022 - 18:59သိကြားမကယ်နိုင်သော နှလုံးရောဂါ
မကြာသေးမီက ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် ဆောင်းပါးကောင်း တစ်ပုဒ်ကို ဖတ်လိုက်ရပါသည်။ နိုင်ငံခြားသတင်းစာကြီး တစ်စောင်မှ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်အမှီပြုပြီး ရေးသားထားသော နိုင်ငံရေးဆောင်းပါးဖြစ်သည်။ နိုင်ငံရေး ဆောင်းပါးဖြစ်သော်လည်း “ကျန်းမာရေးပညာ”လောကကို သက်ရောက်မှုရှိနေသည်။
ထိုဆောင်းပါးပါ အကြောင်းအရာမှာ “သကြားလော်ဘီ” (Sugar Lobby)ဖြစ်သည်။ ဗြိတိန်နိုင်ငံအခြေစိုက် The Guardian သတင်းစာမှဖော်ပြထားသော သတင်းဆောင်းပါးကို ကိုးကားထားသည်။