ကိုယ်ကျင့်တရားဖြူစင်ခြင်းသည် အောင်မြင်မှု၏ အုတ်မြစ်
Submitted by mgmgtharlaydsitd on Mon, 03/20/2023 - 10:10ကိုယ်ကျင့်တရားဖြူစင်ခြင်းသည် အောင်မြင်မှု၏ အုတ်မြစ်
လူသားများဟာ အမြဲတမ်း ဇာတ်လိုက်ဖြစ်ချင်ကြတာပါပဲ။ တကယ်တော့လည်း ကိုယ့်ဘဝမှာကိုယ်သာလျှင် ဇာတ်လိုက်ပါပဲ။ မိသားစုတစ်ခုမှာ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဟာ အဖေအမေတို့က နွေးထွေးစွာ ကြိုဆိုကာ မေတ္တာအပြည့်အဝရသော အရေးပါသူကလေး တစ်ဦးဖြစ်သူများရှိသကဲ့သို့ တစ်ခါတစ်ရံမှာတော့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်အတွက် မိဘဆွေမျိုး အသိုင်းအဝိုင်းမှ မလိုချင်သော ကလေးတစ်ယောက်ဖြစ်နေခဲ့ရင်တော့ ကိုယ့်ဘဝဟာ ကိုယ်သာလျှင် အားကိုးရာအဖြစ် ကြိုးစားရပ်တည်ရမှာဖြစ်ပါတယ်။