ဆောင်းပါး

ရေကောင်းရေသန့် သောက်သုံးရေး

လူအပါအဝင် သတ္တဝါတွေအားလုံး ရေကိုနေ့စဉ် သောက်သုံးနေရပါတယ်။ ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ်မနက်လို့ ဆိုကြပါတယ်။ ထိုအဆိုကို ကြည့်လျှင်   သတ္တဝါတို့ရှင်သန်ဖို့ ရေဟာ ဘယ်လောက်  အရေးကြီးတယ်ဆိုတာသိနိုင်ပါတယ်။

ဆေးဖက်ဝင်တယ် ပန်းစံပယ်

မြန်မာလ၏  ၁၂  လရာသီပန်းများအကြောင်းကို ရာသီမသိ ပန်းနှင့်ညှိ ဟုအမည်ရသော  ချစ်စရာကဗျာလေး တစ်ပုဒ်ကို ကင်းဝန်မင်းကြီးက ယခုလို ရေးဖွဲ့သီကုံးခဲ့သည်။

ပန်းကလေးများလန်းစေချင်

အသော့နှင်လာသည့် မြောက်ပြန်လေညင်းသည် သင်းပျံ့သည့်မိုးရနံ့ကို သယ်ဆောင်လာခဲ့သည်။ အေးမြမြခံစားမှုသည် ပတ်ဝန်း ကျင်ကို အရိပ်ပေးရုံသာမက လူသားတို့၏ နှလုံးသားကိုလည်း နူးညံ့စေသည်ဆိုလျှင် မှားမည်မထင်ပေ။ သစ်ပင်ပန်းမန်တို့တွင်လည်း  ရွက်ဟောင်းတွေကြွေကျ၍ ရွက်သစ်တွေတာစူနေကြပေပြီ။ ဖန်တီးထားသည့်အလှတရားထက် သဘာဝအလှသည် ပို၍တင့်တယ် ခမ်းနားပေသည်။  အသက်အရွယ်ရလာသည့်အခါ မိုးသားရနံ့ကို ခံစားနားလည်တတ်ခြင်းပင်ဖြစ်မည်။ ငယ်စဉ်အချိန်အခါတွင် မိုးသားရနံ့ကို ခံစားတတ်ခဲ့သည်မဟုတ်။ လေပွေမွေ့မည်၊ လေတိုက်မည်ဆိုလျှင် မိုးရွာတော့မည်ဟုသိခဲ့သည်။  မိုးတွင်းရောက်တော့ မည်။ မိုးရွာလျှင် မိုးရေချိုးမည်ဟူသောအတွေးထက် မိုး

ရန်ကုန်မြို့ရှိ အမေရိကန်သံအမတ်ကြီးထံသို့ မြန်မာပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ

ရန်ကုန်မြို့ရှိ အမေရိကန်သံအမတ်ကြီးထံသို့ မြန်မာပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ

ကျွန်တော်ကတော့ မြန်မာပြည်သူတစ်ဦးပါ။ US-ASEAN ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Jason Seymour နှင့် သံအမတ်ကြီး တို့ရဲ့ ပြောကြားချက် ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကိစ္စမှာ အမေရိကန်နိုင်ငံရဲ့ ရပ်တည်ဆောင်ရွက် ချက်တွေက လမ်းကြောင်းလွဲနေပြီး မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားအောင် လုပ်နေတယ်လို့ခံစားရတဲ့ ပြည်သူ တစ်ယောက်အနေနဲ့ စာရေးသားပေးပို့ရခြင်းဖြစ်ပါတယ်။ ယခုစာဟာ မိမိရဲ့ပုဂ္ဂိုလ်ရေးအမြင်သာဖြစ်ပါတယ်။

သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

အသက်ကြီးလာလျှင် အဖြစ်များသောရောဂါတစ်ခုမှာ သွေးတိုးရောဂါဖြစ်သည်။  အသက်လေးဆယ် ကျော်လာသည်နှင့် ထိုရောဂါမှာ စတင်တံခါးခေါက် လာပြီဖြစ်သည်။ အမှုမဲ့အမှတ်မဲ့နေရင်း အလစ်ဝင်ရောက် လာတတ်သည်။

ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ သီးထပ်သီးညှပ် စိုက်ကြစို့

ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ သီးထပ်သီးညှပ် စိုက်ကြစို့

“မိုးကလေးတစ်ပြိုက်ပဲရွာသေးတယ် ဂျာကြီးက နေကြာစိုက်ခိုင်းတော့  ပထမတော့ အတော်လေး စိတ်ထဲ ကသိကအောက်ဖြစ်သွားတယ်။ ကျွန်တော်တို့ဆီမှာ တစ်ခါမှ ဒီအချိန်နေကြာစိုက်တာ ရှိမှမရှိဘဲ။  ဒါပေမဲ့ အောက်ခံအစိုဓာတ် ကလေးကလည်း ရှိနေတော့ နေကြာစိုက်ဖြစ်တယ်။ သူစိုက်ခိုင်းတာက မျိုးစေ့ထုတ်ဖို့တဲ့ဗျ။  ဈေးကောင်းရမယ် ပြောတယ်။ တကယ်တော့ မျိုးစေ့ထုတ်တယ်ဆိုတာ သူတို့ဘာသာ စိုက်ပျိုးရေး ဦးစီးဌာနက  လုပ်ရမယ့်အလုပ်လေ။ ကျွန်တော်တို့    တောင်သူတွေ လုပ်ဖို့မှမဟုတ်ဘဲ။

မိုးရာသီမှာ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ စားပေးသင့်တဲ့ အစားအစာများ

မိုးရာသီမှာ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ စားပေးသင့်တဲ့ အစားအစာများ

မိုးရာသီရောက်ပြီ။ အပြင်ကစိုထိုင်းဆ၊ လေထုထဲကအပူလှိုင်း၊ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့နှာရည်ယိုတာ၊ အသက်ရှူ ကျပ်တာ၊ လေပြွန်ရောင်တာ မကြာခဏခံစားရနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် အအေးမိတာ၊ ဖျားတာဖြစ်နိုင် ပါတယ်။ အစာအဆိပ်သင့်တာ၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အသားဝါရောဂါ၊ အူရောင်ငန်းဖျား၊ တိုက်ဖွိုက်၊ အစာအိမ်ရောင်ရမ်းတာတို့   အလိုလိုဖြစ်လာတတ်ပါတယ်။

အနာဂတ်နိုင်ငံတော်၏ နိုင်ငံရေးရည်မှန်းချက်အစစ်အမှန်သည် ငြိမ်းချမ်းရေးဖြစ်သည်

ဆောင်းပါးခေါင်းစဉ်သည် ကွယ်လွန်သူစာရေး ဆရာကြီး ဒဂုန်တာရာ၏ “နိုင်ငံရေးယဉ်ကျေးမှု” စာအုပ်တွင် ဖော်ပြထားသော ငြိမ်းချမ်းရေးသဘောထားမှ ဖြစ်ပါသည်။ စာရေးဆရာကြီးဒဂုန်တာရာသည် “ငြိမ်းချမ်းရေးနည်းသည် ထာဝရအောင်နိုင်သောနည်း ဖြစ်သည်” ဟု ခိုင်ခိုင်မာမာယုံကြည်ခဲ့သူဖြစ်သည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ယမန်နေ့မှအဆက်

အမှတ်စဉ်(၂၄၃)

    သီပေါမင်းတရားသည် အခြေအနေ အရပ်ရပ်ကို သိမြင်တော်မူလေပြီ။ သို့သော် ရာဇဣန္ဒြေတော်မပျက် တည်ကြည်အေးချမ်းစွာပင် ရှိနေလေသည်။ အလွန်ထက်မြက်လှသော မိဖုရားကြီး စုဖုရားလတ်သည်လည်း ရွှေနန်းတော်ကြီးကို ဝိုင်းမိထားသော အင်္ဂလိပ်စစ်သည် တပ်သားတစ်သောင်းကျော်ကို ဘယ်လိုနည်းနှင့်မျှ တွန်းလှန်ခုခံနိုင်တော့မည် မဟုတ်ကြောင်း   သိရှိလေပြီ။