မှူခင်းသတင်း

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လှေတစ်စီးနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၊ ဒီဇင်ဘာ - ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ညောင်ဝိကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၁၀ မိုင်ခန့်အကွာ၌ အလျား ၂၄ ပေ၊ အနံ ၄ ပေ၊ ရေစူး ၂ ပေခန့်ရှိ လှေတစ်စီးပေါ်မှ အမျိုးသား ၂ ဦးကို WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ ပြား၊ အစိမ်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅ ပြား(စုစုပေါင်းမူးယစ်ဆေးဝါးခန့်မှန်း တန်ဖိုးငွေကျပ် ၄ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ကျိုက်မရောမြို့နယ်၌ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

ကျိုက်မရော၊ မူးယစ်မှု

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါရဲကင်းရှေ့ ကျွန်းရွာသွားကားလမ်း၌ ဒီဇင်ဘာ  ၁၀ ရက် ည ၁၀  နာရီ တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ် ကျွဲဇပ်ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကျွဲဇပ်ကျေးရွာနေ မျိုးဇော်ဦး(ခ)ခလိန်ချား၏နေအိမ်အား ဒီဇင်ဘာ ၉ ရက် ညနေ ၄ နာရီတွင် သတင်းအရဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက်ကမ်းနီး ငါးဖမ်းလှေနှစ်စင်း ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ   ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မအိုင်ကျွန်း၏တောင်ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာ၌ အလျားပေ ၄ဝ၊ အနံ ၇ ပေ၊  ရေစူး ၃ ပေခန့်ရှိ  စည်းပျက်ကမ်းနီးငါးဖမ်းလှေပေါ်မှ အမျိုးသား ကိုးဦးကို လည်းကောင်း၊ ညနေ ၅ နာရီ  ၁ဝ မိနစ်ခန့်တွင် မအိုင်ကျွန်း၏ တောင်ဘက် ရေမိုင် ၁ဝ မိုင်ခန့်အကွာ၌ အလျား ၄၂ ပေ၊ အနံ ၁ဝ ပေ၊ ရေစူး ၃ ပေခန့် စည်းပျက် ကမ်းနီးငါးဖမ်းလှေပေါ်မှ အမျိုးသားရှစ်ဦး ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက်ကမ်းနီး ငါးဖမ်းလှေ ၂ စီး ဖမ်းဆီးရမိ

နေပြည်တော် ၊ ဒီဇင်ဘာ - ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မအိုင်ကျွန်း၏ တောင်ဘက်ရေမိုင် ၁၂ မိုင်ခန့်အကွာ၌ အလျား ၄၀ ပေ၊ အနံ ၇ ပေ၊ ရေစူး ၃ ပေခန့်ရှိ စည်းပျက်ကမ်းနီး ငါးဖမ်းလှေပေါ်မှ အမျိုးသား ၉ ဦးကို လည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် မအိုင်ကျွန်း၏ တောင်ဘက် ရေမိုင် ၁၀ မိုင်ခန့်အကွာ၌ အလျား ၄၂ ပေ၊ အနံ ၁၀ ပေ၊ ရေစူး ၃ ပေခန့် စည်းပျက်ကမ်းနီး ငါးဖမ်းလှေပေါ်မှ အမျိုးသား ၈ ဦးကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

မော်တော်ယာဉ်နှင့်ဆိုင်ကယ်  မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံး

ရေး  ဒီဇင်ဘာ  ၅

မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ပေါ်ကျေးရွာ ရေး-မော်လမြိုင် ကားလမ်း၌ ဒီဇင်ဘာ ၄ ရက် ည ၁၁ နာရီတွင် မော်တော်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာက   တစ်ဦးသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများသယ် ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊ ဒီဇင်ဘာ - ၄

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအနီး ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ် ဝင်၊ ထွက်သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ဒီဇင်ဘာ ၂ ရက် ညနေ ၅နာရီ ၁၀ မိနစ်ခန့်တွင် ကန်ပိုက်တည်မြို့ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ မောင်းနှင်လာသော CANDA- 125 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ဘောမ်ခေါ်(ဘ)ဦးချမ်းဘောမ်နှင့်အတူ ဘိန်းစိမ်း ၅၀၀၀ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅ သိန်း)ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဓနုဖြူမြို့၌ နေအိမ်မီးဖို မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

ဓနုဖြူ၊ မီးလောင်မှု

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ အမှတ်(၁၄)ရပ်ကွက် (၃)လမ်း၌ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်က နေအိမ် မီးဖိုမီးြ<ွကင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ ငွေကျပ် ၂ ဒသမ ၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ဘုရားကြီးမြို့၌ ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ   ၃၀

ရေးမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက်ငါးဖမ်းလှေ ၂ စီးဖမ်းဆီးရမိ

နေပြည်တော် ၊ နိုဝင်ဘာ - ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၈ ရက်တွင် ရေးမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၇ မိုင်ခန့်အကွာသို့အရောက်၌ ငါးခိုးဖမ်းရန်ပြင်ဆင် နေသည့် အလျား ၄၅ ပေ၊ အနံ ၉ ပေ ၆ လက်မ၊ ရေစူး ၃ ပေ ၆ လက်မခန့် ထက်လင်း အမည်ရှိ စည်းပျက်ငါးဖမ်းလှေပေါ်မှ အမျိုးသား ၇ ဦးနှင့် အလျား ၄၈ ပေ၊ အနံ ၁၁ ပေ ၆ လက်မ၊ ရေစူး ၄ ပေခန့် အောင်မြတ်စိုးအမည်ရှိ စည်းပျက်ငါးဖမ်းလှေပေါ်မှ အမျိုးသား ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။