မှူခင်းသတင်း

၁၂ ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွား

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မံပုံကျေးရွာအနီး ဗန်းမော်-မိုးမောက်သွား ကားလမ်းမကြီး၌ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ၁၂ ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ၊ သင်္ဘော/စက်လှေများနှင့် သစ်လုပ်ငန်း ဆောင်ရွက်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ - ၆

 

ဖောက်ထွင်းခိုးယူခံရသော ရွှေငွေရတနာငွေကျပ်သိန်း ၅၅၀ ကျော်ဖိုးပြန်လည်ရရှိ

ခင်ဦး၊ ခိုးမှု

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်

မောင်တော၊ မီးလောင်မှု

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မတောင်ရပ်ကွက်၌ နိုဝင်ဘာ ၂ ရက် နံနက်၁ နာရီ မိနစ် ၅၀ တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့်  နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့မတောင်ရပ်ကွက် ဗိုလ်မှူးရွာနေ ဦးအီမာန်ဟူဆောင်း ၄၀ နှစ်၏ ပေ ၂၀၊ ၂၅ ပေ၊ ၁၁ ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းရာအနီးရှိ ဝါးထရံသို့  မီးကူးစက်လောင်ကျွမ်းသွားသည်။

ဗန်းမော်မြို့၌ ဇနီးဖြစ်သူကို သတ်သည့် ခင်ပွန်းအား  ရဲတပ်ဖွဲ့က ဖြစ်စဉ်အမှန် ဖော်ထုတ်ဖမ်းဆီး

ဗန်းမော်၊ သေမှုသေခင်း

ရေမဆေးကျောက် ရှာဖွေသူ အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား

ဖားကန့်၊ သေမှုသေခင်း

ကချင်ပြည်နယ်  ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ခုရုဆွတ်အိန်ယန်ကျေးရွာအနီး ဥရုချောင်းနံဘေး၌  အောက်တိုဘာ ၃ဝ ရက်  ညနေ ၃ နာရီ ၄၅ မိနစ်တွင် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားကြောင်း သိရသည်။

ဗန်းမော်မြို့ မြန်မာ့လေကြောင်းလိုင်း မန်နေဂျာနေအိမ်၌ အနုကြမ်းစီး ငွေယူပြီး လူသတ်မှုဖြစ်

ဗန်းမော် အောက်တိုဘာ ၃ဝ

ကချင်ပြည်နယ် ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ   မြန်မာ့လေကြောင်းလိုင်း မန်နေဂျာနေအိမ်၌ ယနေ့နံနက် ၁၁ နာရီတွင် အမည်မသိ အမျိုးသားသုံးဦးက အနုကြမ်းစီး ငွေယူပြီး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြွပ်ကြွပ်အိတ်ထဲဖုန်းထည့်ပြီးအားသွင်းရာမှ အလုပ်သမားအိပ်ဆောင် မီးလောင်

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၂၉ လမ်း၊၇၉ လမ်းနှင့် လမ်း ၈ဝ ကြား အကွက်(၆၂၁)ရှိ ပေ ၆ဝx၂၅ ပေနံကပ် နှစ်ထပ်ခွဲစားသောက်ဆိုင်၏ အနောက် အလုပ်သမား အိပ်ဆောင်၌ အောက်တိုဘာ ၃ဝ ရက်နံနက် ၂ နာရီ မိနစ် ၄ဝ ခန့်က အလုပ်သမားများက ကြွပ်ကြွပ်အိတ်ထဲသို့ ဖုန်းနှစ်လုံးထည့်ပြီး အားသွင်းထားရာမှ အပူလွန်ကဲ၍   အောက်ရှိဂျပ်ဖာ အဟောင်းများပေါ်ပြုတ်ကျကာ   မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

တယ်လီဖုန်းဘေမဲပေါက်သည်ဟုလိမ်လည်ကာ ငွေများလိမ်လည်ထုတ်ယူမှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌   အောက်တိုဘာ  ၂၉ ရက်တွင်   တယ်လီနောကုမ္ပဏီကဟု ဆိုကာ ဖုန်းဘေမဲပေါက်၍    ငွေလွှဲပေးရန်ဟု ဆိုကာ အကြောင်းကြားခံရသူ အမျိုးသမီး တစ်ဦး၏ KBZ  PAY  အကောင့်ထဲမှ ငွေများ လိမ်လည်ထုတ်ယူမှုဖြစ်ပွားကြောင်း ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ သိရသည်။

ညမထွက်ရအမိန့် လိုက်နာရန် ပျက်ကွက်သူ သုံးဦးအား အမှုဖွင့်အရေးယူ

မွန်ပြည်နယ် မော်လမြိုင်မြို့၌ အောက်တိုဘာ ၂၉ ရက်တွင် ညမထွက်ရအမိန့် လိုက်နာရန်ပျက်ကွက်သူ သုံးဦးအား အမှုဖွင့် အရေးယူကြောင်း သိရသည်။