သာစည်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာနီး၌ ဗုံးသီးဟောင်းများ တွေ့ရှိ
Submitted by mgmgtharlaydsitd on Sat, 10/10/2020 - 21:46နေပြည်တော် ၊
နေပြည်တော် ၊
နေပြည်တော် အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် တရားမဝင် ဘင်္ဂါလီများရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် တပ်တောင်မြို့၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ အမ်း-တပ်တောင်ကားလမ်း တောစပ် အနီး၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီအမျိုးသားများဖြစ်သည့် လာလာရာ(ဘ) မာမက် ကာဆိန်းနှင့်ဂျူနိုစ် (ဘ)ဇူပိုင်တို့နှစ်ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
နေပြည်တော် အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအနီးရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ် ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကန်ပိုက်တည်မြို့ဘက်မှ ဝိုင်းမော်မြို့ ဘက်သို့ ဂျုံးလွမ်း(ဘ) ဦးဇေဂျုံးမောင်းနှင်လာသည့် KENBO-125 မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ၎င်းထံမှ ဘိန်းစိမ်း ၈၅၀ ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂ သိန်းကျော်ခန့်)နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
နေပြည်တော် အောက်တိုဘာ ၆
နေပြည်တော် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ဟိုးကျေးရွာနေ ဦးတိုးအောင်(ဘ) ဦးအောင်မြင့်၏ နေအိမ်ခြံဝင်းအတွင်း ယနေ့နံနက် ၁၁ နာရီတွင် ဗုံးသီးဟောင်းများ တွေ့ရှိကြောင်း သတင်းပေး ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မြေကြီးအတွင်းမှ သံချေးတက်နေသည့် လက်ပစ်ဗုံးဟောင်း နှစ်လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ လက်ပစ်ဗုံးဟောင်းများအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျ ဖောက်ခွဲဖျက်ဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် ယနေ့ညနေ ၃ နာရီခွဲခန့်တွင် ကျိုင်းတောင်းမြို့၏ တောင်ဘက် ၃ မိုင်ခွဲခန့်သို့အရောက်၌ တရားမဝင် စုပုံထားသော ကျွန်းသစ်ခွဲသားနှင့် ကျွန်းလုံးဆိုဒ်စုံ ၂၂ တန်ခန့်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား ကျိုင်းတောင်းမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၁၀၀)
နေပြည်တော် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် မိုင်းဆတ်မြို့၏ အရှေ့ဘက်မီတာ ၁၅၀၀ ခန့်အကွာရှိ တန့်ဆိုင်ကျေးရွာအနီး၌ မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် တန့်ဆိုင်-မိုင်းဆတ်သွားကားလမ်းအတိုင်း မောင်းနှင်လာသည့် Vigo အမျိုးအစား မော်တော်ယာဉ် အမှတ်၊ YGN/1N---- တစ်စီးအား တွေ့ရှိသဖြင့် စစ်ဆေးရန် တားဆီးစဉ် ကားပေါ်ပါရှိသည့် လူငယ်နှစ်ဦးမှာ မော်တော်ယာဉ်အား ရပ်တန့်၍ ထွက်ပြေးသွားခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အောက်တိုဘာ ၁ ရက်တွင် အပ်နှံထားသည့်ယာဉ်အား ရောင်းစားခဲ့သူကို ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းမှုဖြစ်ပွားကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်သပြေကျေးရွာ ဓာတ်ငွေ့ပိုက်လိုင်း မှတ်တိုင်အနီး လူသွားလမ်းဘေး၌ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီခွဲတွင် မျက်နှာမီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသမီး အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ လွိုင်လင်အရှေ့အုပ်စု ဟိုခိုက်အမှတ်(၁) ကျေးရွာ၌ အောက်တိုဘာ ၁ ရက်မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တီဗွီပလတ်ခုံ အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။