မှူခင်းသတင်း

လမ်းလျှောက်လာသူထံမှ စိတ်ကြွဆေးပြား ၇၅၅ ပြားအား ဖမ်းဆီးရမိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်    လုံးတုံမြို့   မြနန္ဒာရပ်ကွက်၌ အောက်တိုဘာ ၁ ရက်တွင် ကွင်းဆက် တရားခံမှတစ်ဆင့် သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူထံမှ စိတ်ကြွဆေးပြား ၇၅၅ ပြား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိကြောင်း သိရသည်။

မံစီမြို့နယ်နှင့် ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက် ည၆ နာရီခန့်တွင် နန့်အူကြီးကျေးရွာ အနီး၌အောင်ကိုသိန်း(ဘ)ဦးမောင်ပွဲအား မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းထံမှ ဘိန်းဖြူဆပ်ပြာခွက် ကိုးခွက်၊ ၉ဝ ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃ သိန်း)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

မိုင်းပန်မြို့၊ အနောက်ရပ်ကွက်၌ မူးယစ်ဆေးဝါးရောင်း/ ဝယ်သူများ ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၂ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၊ အနောက်ရပ်ကွက်ရှိ လင်းခေး-မိုင်းပန်သွား ကားလမ်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများအား   စစ်ဆေးဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် စိုင်းသက်ထူး(ဘ)ဦးထွန်းရီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ်အတွင်း မှ WY  စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထင်းမီးဖြင့်ဟင်းအိုးတည်ထားရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်း

လွိုင်ကော်၊ မီးလောင်မှု

ကယားပြည်နယ် လွိုင်ကော်မြို့နယ် မီးသတ်စခန်းနှင့် နှစ်မိုင်ခန့်အကွာ လောဓမ္မရပ်ကွက် မြန်မာ့ မီးရထားဝင်း၌ စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီ မိနစ် ၂၀တွင် ထင်းမီးဖြင့် ဟင်းအိုးတည် ထားရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

နင်းမိုင်းဟောင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်  စက်တင်ဘာ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာအုပ်စု၊ နမ့်ပါမုန်းကျေးရွာနေ အိုက်ပန် (ဘ)ဦးလုံးပတ်သည် စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် မိုင်းရှူးမြို့၏ အနောက်တောင် ဘက် ၇ မိုင်ခန့်အကွာ၌ တောင်ယာစိုက်ပျိုးရန် မြေရှင်းလင်းစဉ် နင်းမိုင်းဟောင်းတစ်လုံးအား နင်းမိ ပေါက်ကွဲသဖြင့် ၎င်းတွင်မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာအား ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ စေလျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)

ဝိုင်းမော်မြို့နယ်၊ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ  ၃၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများကို စစ်ဆေးဆောင်ရွက်စဉ် စက်တင်ဘာ ၂၉ ရက် ည ၆ နာရီခွဲခန့်တွင် ဆဒုံးမြို့ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ နော်မိုင်(ဘ)ဦးဇော်တောင် မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဘိန်းစိမ်း ၁၆၀၀ ဂရမ် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၄ သိန်း) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဝိုင်းမော်မြို့နယ်ရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ  ၂၉

နောင်ချိုမြို့အနီး တိုးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ  ၂၇

လောင်းလုံးမြို့အနီး မြန်မာ့ပင်လယ်ပြင်၌ တရားမဝင် ငါးခိုးဖမ်းနေသူများအား ဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် မောင်းမကန် ဘုတ်ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၁၃ မိုင်ခန့်အကွာသို့အရောက်၌ ထိန်ထိန်ဝင်း အမည်ရှိ စက်လှေတစ်စင်းဖြင့် တရားမဝင် ငါးခိုးဖမ်းနေသည့် လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာနေ ဦးကျော်ကျော်(ဘ) ဦးကျော်ညွန့်အပါအဝင် အမျိုးသားရှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။