မှူခင်းသတင်း

ညောင်ဦးမြို့နယ်၊ ဥယျာဉ်စုကျေးရွာ၌ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

နေပြည်တော်   စက်တင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီလေးကျေးရွာအုပ်စု၊ ဥယျာဉ်စုကျေးရွာနေ ဒေါ် ရွှေမြိုင်သည် စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် နေအိမ်ခြံဝင်းအတွင်း၌ သစ်ပင်စိုက် ပျိုးရန် ပေါက်တူးဖြင့် မြေကျင်းတူးစဉ် အလျား ၁၁ လက်မ၊ လုံးပတ် ၁၀ လက်မခွဲရှိ ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးသိမ်း ဆည်းခဲ့သည်။

ပန်းတောင်းမြို့နယ်အတွင်း ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာ သူအားဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ  ၂၇

မိတ္ထီလာမြို့နယ်၊ ညောင်ကန်ကျေးရွာ၌ သစ်ပင်အမြစ်တူးရာမှ ခဲယမ်းဟောင်းများ တွေ့ရှိ

နေပြည်တော်  စက်တင်ဘာ  ၂၆

မဘိမ်းမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ ၂၅

မိုင်းလားမြို့နယ်၊ ဝမ်တာပင်းကျေးရွာအနီး၌ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်  စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ဝမ်တာပင်းကျေးရွာ၏ အနောက်ဘက် မီတာ၂၀၀၀ ခန့်အကွာရှိ တောင်ယာတဲအနီး ငရုတ်ခြံအတွင်း မြေကျင်းတူး၍ ဝှက်ထားသည့် အိုက်စ် ၁ ကီလိုဂရမ်ပါ အထုပ်ခြောက်ထုပ်၊ ၆ ကီလိုဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၁၂၀၀)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ပုလောမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ကင်းမွန်မီးထွန်းလှေများ ဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များ သည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် သမီးလှကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၁၂ မိုင်ခန့် အကွာ၌ အလျား ၄၈ ပေ ၄ လက်မ၊ အနံ ၉ ပေ ၁၀ လက်မ၊ ရေစူး ၄ ပေခန့်ရှိ တရား မဝင်ကင်းမွန်မီးထွန်းလှေပေါ်မှ ဦးဇော်စိုး (ဘ)ဦးဟန်တင်အပါအဝင်  အမျိုးသား ခြောက်ဦးကိုလည်းကောင်း၊ အလျား ၅၄ ပေ၊  အနံ ၉ ပေ ၁၀ လက်မ၊ ရေစူး ၄ ပေခန့်ရှိ တရားမဝင် ကင်းမွန်မီးထွန်းလှေပေါ်မှ ဦးအောင်လွင် (ဘ)ဦးစစ်စိန်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

တာဝန်ရှိသူများအားမချေမငံပြောဆိုဆက်ဆံသူအား အမှုဖွင့်အရေးယူ

မိုးကောင်း၊ ရမ်းကားမှု

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာ၌ စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် ဖားကန့်မှပြန်လာသူအား Quarantine ဝင်ရောက်ရန် သွားရောက် ပြောဆိုရာ တာဝန်ရှိသူများကို မချေမငံပြောဆိုဆက်ဆံခဲ့သူအား ဥပဒေအရ အမှုဖွင့်အရေး ယူထား ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။