မှူခင်းသတင်း

စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ သယ်ဆောင်လာသည့် စက်လှေများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များသည် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခန့်တွင် မေယုကျွန်း၏ အနောက်ဘက် ရေမိုင် ၂၇ မိုင်ခန့် အကွာ၌ မသင်္ကာဖွယ်စက်လှေတစ်စင်းအားတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အလျားပေ ၁၀၀၊ အနံ ၂၅ ပေ၊ ရေစူး ၆ ပေခန့်ရှိ အောင်မြင့်မိုရ်အမည်ရှိ စက်လှေပေါ်မှ ကျော်စိုး(ဘ)ဦးသင်္ခါကျော် အပါအဝင် အမျိုးသား ရှစ်ဦးကို လှေပေါ်တွင် တင်ဆောင်လာသည့် တရားမဝင်သစ်တန် ၈၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်း(၈)ရပ်ကွက်၌ သံချေးတက်နေသည့်ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

နေပြည်တော် အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်း(၈)ရပ်ကွက်၊ ၁ လမ်းနှင့် ၂ လမ်းထောင့်နေ ဒေါ်ခင်ရွှေ၏ နေအိမ်ခြံဝင်း အတွင်း၌ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းစဉ် အောက်တိုဘာ ၁၄ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် အလျား ၁၀ လက်မ၊ လုံးပတ် ၈ လက်မခွဲခန့်ရှိ သံချေးတက်နေသည့် ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး သိမ်းဆည်းခဲ့သည်။

စစ်တွေမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ တင်ဆောင်လာသော လှေတစ်စင်း ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် အောက်တိုဘာ ၁၄ ရက် ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူစစ်ဆေးစဉ် မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၅၀ ခန့်အကွာနေရာသို့ အရောက်၌ ဦးကြည်လင်း(ဘ) ဦးအောင်လင်း အပါအဝင် အမျိုးသားခုနစ်ဦးကို လှေပေါ်မှတရားမဝင် တင်ဆောင်လာသော အခြား သစ် ၈၅ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာအနီး တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦး ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာအဝင်လမ်းမပေါ်၌အောက်တိုဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လမ်းလျှောက်လာသည့် မသင်္ကာဖွယ် အမျိုးသားနှစ်ဦးတွေ့ရှိသဖြင့် ကျေးရွာ တာဝန်ရှိသူများက ခေါ်ယူမေးမြန်းရာ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား များဖြစ်ကြောင်း သိရှိရသဖြင့် မြဝတီမြို့မရဲစခန်းသို့ သွားရောက်အပ်နှံခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို မြဝတီမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)

KIA (အဖွဲ့)ထောင်ထားသော နင်းမိုင်းတစ်လုံးနင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာ ရရှိ

နေပြည်တော်  အောက်တိုဘာ  ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အူဗျစ်ကျေးရွာနေ မောင်လနူးသည် မေခမြစ်တစ်ဖက်ကမ်းရှိ ၎င်း၏တောင်ယာတဲမှတစ်ဆင့် တောအတွင်းသို့ သားကောင်ထောင်ရန် သွားရောက်စဉ် အောက်တို ဘာ ၁၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် အင်ဂျန်းယန်မြို့နယ်၊ ဇွပ်ရာယန်ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့် အကွာနေရာသို့အရောက်၌ KIA (အဖွဲ့)ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ သဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာအား မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

သိန်းနီ-ကွတ်ခိုင်သွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ လက်နက်၊ ခဲယမ်းများသယ်ဆောင်လာသူ တစ်ဦးဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁၅

သိန်းနီ-ကွတ်ခိုင်သွားပြည်ထောင်စု လမ်းမကြီးပေါ်၌ လက်နက်၊ခဲယမ်းများ သယ်ဆောင် လာသူ တစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊  အောက်တိုဘာ - ၁၅

စစ်တွေမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ တင်ဆောင်လာသော လှေတစ်စီး ဖမ်းဆီးရမိ

နေပြည်တော် ၊  အောက်တိုဘာ - ၁၅

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၄ ရက်ညနေ ၇ နာရီ ၃၅ မိနစ်ခန့်တွင် မသင်္ကာဖွယ်လှေ တစ်စီးတွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူစစ်ဆေးစဉ် မောင်းနှင်ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ စစ်တွေမြို့၏အနောက်ဘက် ရေမိုင် ၅၀ ခန့်အကွာနေရာသို့ အရောက်၌ ဦးကြည်လင်း(ဘ)ဦးအောင်လင်း အပါအဝင် အမျိုးသား ၇ ဦးကို လှေပေါ်မှ တရားမဝင် တင်ဆောင်လာသော အခြားသစ် ၈၅ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်ရှိ ဆံပင်နှင့်အလှပြုပြင်ရေး ဆိုင်ခန်း၌ မီးလောင်မှုကြောင့် အမျိုးသမီးငါးဦးသေဆုံး

နေပြည်တော်  အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊၃၅ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ လင်းလဲ့ဖြူ ဆံပင်နှင့်အလှပြုပြင်ရေးဆိုင် ခန်း၌ အောက်တိုဘာ ၁၃ ရက် ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် လျှပ်စစ်ခုံအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ ရေသယ်ယာဉ်ငါးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ အိမ်ရှင်ကိုသတ်၍ ပစ္စည်းများခိုးယူသွားသည့်တရားခံအားဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁၄