ဆောင်းပါး

တန်ဘိုးထားရမည့် သဘာဝပတ်ဝန်းကျင်

တန်ဘိုးထားရမည့် သဘာဝပတ်ဝန်းကျင်

 

    ကမ္ဘာပေါ်မှာ လူဦးရေ တိုးတက်လာတာနဲ့အမျှ အိမ်ရာလိုအပ်ချက်လည်း အလွန်မြင့်မားလာပါတယ်။ အိမ်ရာလိုအပ်ချက် မြင့်မားလာတာနဲ့အမျှ  ဆောက်လုပ်ရေးအတွက် ကုန်ကြမ်းပစ္စည်း လိုအပ်ချက်ကလည်း မြင့်မားလာပြန်ပါတယ်။

ဒီတော့ ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပိုမိုထုတ်လုပ်ကြရတယ်။ ပိုမိုထုတ်လုပ်တဲ့အတွက် ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဖြစ်ပေါ်လာစေတယ်။ ဒါဟာ အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စတစ်ခုလည်းဖြစ်နေပြန်ပါတယ်။

လိပ်ခေါင်းရောဂါ ခွဲစိတ်ပြီး ပြန်ဖြစ်နိုင်သလား

လိပ်ခေါင်းရောဂါ ခွဲစိတ်ပြီး ပြန်ဖြစ်နိုင်သလား

    လိပ်ခေါင်းရောဂါနဲ့ ပတ်သက်ပြီး အဆင့် သတ်မှတ်ချက်တွေရှိပါတယ်။ အဆင့်(၁)မှာ ဝမ်းသွားတဲ့အခါ သွေးပါတတ်တယ်။ အဆင့်(၂)မှာ ဝမ်းသွားရင်၊  ဝမ်းညှစ်ရင် စအိုဝအပြင်ဘက်ကိုထွက်လာပြီး သူ့အလိုလိုပြန်ဝင်နိုင်တယ်။  အဆင့်(၃)မှာ  လိပ်ခေါင်းက သူ့အလိုလိုပြန်မဝင်ဘဲ လက်နဲ့ပြန်သွင်းမှသာ ပြန်ဝင်ပါတယ်။ အဆင့်(၄)မှာ လိပ်ခေါင်းက ပြန်သွင်းလို့မရဘဲ စအိုဝ အပြင်ဘက်ကို အမြဲထွက်နေပါတယ်။

ပြည်သူ့အတွက် သစ္စာ သမာဓိ သတ္တိ

ပြည်သူ့အတွက် သစ္စာ သမာဓိ သတ္တိ

((၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဂုဏ်ပြုဆောင်းပါး)

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ခေတ်နှင့်အညီ  အဆင့်ဆင့်ပြောင်းလဲ တိုးချဲ့ဖွဲ့စည်းလာခဲ့သည့်အပြင် ထိုနေ့ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြသည်။ သို့ဖြစ်၍ ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ၂၀၂၃  ခုနှစ် အောက်တိုဘာလ ၁  ရက်နေ့သည် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဖြစ်သည်။

တရုတ်နိုင်ငံရဲ့ အစိမ်းရောင်စွမ်းအင်ကဏ္ဍ ပြောင်းလဲမှုအတွက် စံနမူနာ ဖြစ်လာတဲ့နင်းရှား

တရုတ်နိုင်ငံရဲ့ အစိမ်းရောင်စွမ်းအင်ကဏ္ဍ ပြောင်းလဲမှုအတွက် စံနမူနာ ဖြစ်လာတဲ့နင်းရှား

    တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာရှိတဲ့ လျူပန်းရှန်တောင်တန်းပေါ်ကနေ စီးဆင်းလာတဲ့ ချောင်းကလေးက သာယာလှသလို တော တောင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးလေးကလည်း အင်မတန်မှ အေးမြလှသည်။

စွမ်းရည်ပြည့်ဝသော သမားဇာနည်များ မွေးဖွားရာမြေ

စွမ်းရည်ပြည့်ဝသော သမားဇာနည်များ မွေးဖွားရာမြေ

ခေတ်သစ်ဆေးပညာတွင် ကျန်းမာရေးသိပ္ပံ၊ ဇီဝဆေးပညာ သုတေသနနှင့် ကျန်းမာရေး နည်းပညာ တို့ကို အခြေပြု၍ ဆေးပေးခြင်း၊ ခွဲစိတ်ခြင်းနှင့် အခြားကုသမှုနည်းလမ်းတို့ဖြင့် ထိခိုက်မှုဆိုင်ရာ၊ ရောဂါ ဗေဒဆိုင်ရာတို့ကို ဆန်းစစ်မှုနှင့် ကုသရန် အသုံးပြုလာခဲ့ကြသည်။ ဆေးပညာ၏ ဖခင်ကြီးဖြစ်သော  “ဟစ်ပိုကရေးတီး (Hippocrates) က ဆရာဝန်များလိုက်နာရန် ကျင့်ဝတ်နှင့် ကျမ်းကျိန်လွှာ ဖြစ်သော ဟစ်ပိုကရေးတစ် အုတ်သ် (Hippocratic Oath) ကို စတင်မိတ်ဆက်ခဲ့သူဖြစ်ပြီး ယနေ့တိုင် ထိုကျမ်းကျိန် လွှာကို အသုံးပြု လျက်ရှိသည်။

သက်ကြီးသူများဘ၀ သာယာဖို့ သက်ရွယ်စုံညီပါဝင်လို့                                               ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့

သက်ကြီးသူများဘ၀ သာယာဖို့ သက်ရွယ်စုံညီပါဝင်လို့                                               ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့

 

“တော်သလင်း”

“တော်သလင်း”

 

တော်သလင်းဝေါဟာရကို ပုဂံခေတ်ကပင် ခေါ်ဝေါ်ခဲ့ကြပေသည်။ “တ်သ္လင်”၊ “တာ်သ္လင်”၊ “တာ်သလင်း”၊ “တာဝ်သ္လင်” စသည်ဖြင့် အမျိုးမျိုးရေးထိုးကြပေသည်။ (သက္ကရာဇ် ၅၉၄၊ ၅၉၈၊ ၅၉၉  ပုဂံမြို့ ရှင်ပင်ဗောဓိ တံတိုင်းကျောက်စာ) ပုဂံခေတ်မှ ပထမအင်းဝခေတ်ထိ ကျောက်စာတို့တွင် တော်သလင်းဟု ရေးလာကြ သော်လည်း  သက္ကရာဇ် ၈၈၉ ခုနှစ်နောက်ပိုင်းလောက်တွင်မူ တော်သလင်းအစား “သစ်ဆင်းလ” ဟု ရေးသားလာကြသည်ကို တွေ့ရလေသည်။ ရှင်အဂ္ဂသမာဓိ၏ သုဝဏ္ဏလျှံသူဋ္ဌေးခန်းပျို့တွင်-