အားကစား

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်တွင် မြန်မာအသင်းက သြစတြေးလျအသင်းကို အနိုင်ရရှိ

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်တွင် မြန်မာအသင်းက သြစတြေးလျအသင်းကို အနိုင်ရရှိ

နေပြည်တော် သြဂုတ် ၂

အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ)၏အဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းနှင့် သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားရာ  မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက သြစတြေးလျ အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် ပွဲဦးထွက် အနိုင်ရရှိသည်။

မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်တစ်ခု ထပ်မံရရှိ

မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်တစ်ခု ထပ်မံရရှိ

ရန်ကုန်  သြဂုတ်  ၂

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့်  (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်နေသည့်      မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင် ရေကူးအားကစားနည်းမှ   ရွှေတံဆိပ်သုံးခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ရရှိပြီး ၂၀၂၂ ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို လီဗာပူးအသင်း ဆွတ်ခူးရရှိ

မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ရရှိပြီး ၂၀၂၂ ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို လီဗာပူးအသင်း ဆွတ်ခူးရရှိ

၂၀၂၂ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအဖြစ် လက်စတာ အသင်းအိမ်ကွင်း  ကင်းပါဝါ၌  မန်စီးတီးအသင်းနှင့်  လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားရာ လီဗာပူးအသင်း က ၃ ဂိုး- ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ဂျာမန်စူပါဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ် အသင်းက လိုက်ပဇစ် အသင်းကို ၅ ဂိုး - ၃ ဂိုးဖြင့် အနိုင်ရရှိပြီး သုံးနှစ်ဆက် ချန်ပီယံဆုဆွတ်ခူး

ဂျာမန်စူပါဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ် အသင်းက လိုက်ပဇစ် အသင်းကို ဂိုး - ဂိုးဖြင့် အနိုင်ရရှိပြီး သုံးနှစ်ဆက် ချန်ပီယံဆုဆွတ်ခူး

မြန်မာယူ-၁၆ အသင်း အုပ်စုအဖွင့်ပွဲတွင် သြစတြေးလျနှင့် တွေ့ဆုံ

မြန်မာယူ-၁၆ အသင်း အုပ်စုအဖွင့်ပွဲတွင် သြစတြေးလျနှင့် တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၃၀

အင်ဒိုနီးရှားနိုင်ငံတွင်  ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၂ ရက်အထိကျင်းပမည့် အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲကို မြန်မာ ယူ-၁၆ အသင်း   ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းမှာ သြဂုတ် ၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် သြစတြေးလျ အသင်းနှင့်   အုပ်စုအဖွင့်ပွဲစဉ်အဖြစ်   စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ဧရာဝတီယူနိုက်တက် အသင်းက ဂျီအက်ဖ်အေ အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

ဧရာဝတီယူနိုက်တက် အသင်းက ဂျီအက်ဖ်အေ အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော   ၂၀၂၂  မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၆)ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် ဂျီအက်ဖ်အေအသင်း တို့ယှဉ်ပြိုင်ကစားရာ ဧရာဝတီယူနိုက်တက် အသင်းက    ဂျီအက်ဖ်အေအသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက် ကျင်းပ

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက် ကျင်းပ

နေပြည်တော်  ဇူလိုင်  ၃၀

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း   လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့ ၌ ဆက်လက်ကျင်းပသည်။

မန်ယူအသင်း၏ အသင်းအကြံပေးအဖြစ် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို ခန့်အပ်နိုင်ခဲ့ကြောင်း အတည်ပြုကြေညာ

မန်ယူအသင်း၏ အသင်းအကြံပေးအဖြစ် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို ခန့်အပ်နိုင်ခဲ့ကြောင်း အတည်ပြုကြေညာ

မန်ယူအသင်း   အမှုဆောင်အရာရှိချုပ်  ရစ်ချက် အာနိုးက  အသင်းဂန္ထဝင်နည်းပြကြီး  ဖာဂူဆန်ကို အသင်းအကြံပေးအဖြစ်  ခန့်အပ်နိုင်ခဲ့ကြောင်း  အတည်ပြုကြေညာခဲ့သည်။

ပြီးခဲ့သည့်ဧပြီလက  မန်ယူအသင်း အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ရစ်ချက်အာနိုးသည် အသင်းအကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး နည်းပြကြီး ဖာဂူဆန်ကို အသင်းတရားဝင် အကြံပေးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၅၃ သန်းအသုံးပြုပြီး ထိပ်တန်း ကစားသမားများကို ခေါ်ယူထားသော်လည်း အက်ပလီကွီတာ အလွန်ဆိုနှင့် ဘာနာဒိုဆေးလ်ဗားတို့ကို ထပ်မံခေါ်ယူရန်ကြိုးပမ်း

ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၅၃ သန်းအသုံးပြုပြီး ထိပ်တန်း ကစားသမားများကို ခေါ်ယူထားသော်လည်း အက်ပလီကွီတာ အလွန်ဆိုနှင့် ဘာနာဒိုဆေးလ်ဗားတို့ကို ထပ်မံခေါ်ယူရန်ကြိုးပမ်း

ဘာစီလိုနာအသင်းက    လက်ရှိကစားသမား အပြောင်းအရွှေ့ကာလအတွင်း ပြောင်းရွှေ့ကြေး စတာလင်ပေါင်  ၁၅၃  သန်းအသုံးပြုပြီး  ထိပ်တန်းကစား သမားများကို ခေါ်ယူထားသော်လည်း အက်ပလီကွီတာ၊ အလွန်ဆိုနှင့်    ဘာနာဒိုဆေးလ်ဗား တို့ကို    ထပ်မံ ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဆီဗီလာအသင်း ခံစစ်ကစားသမား ခွန်ဒေးကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်း အတည်ပြုကြေညာ

ဆီဗီလာအသင်း ခံစစ်ကစားသမား ခွန်ဒေးကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်း အတည်ပြုကြေညာ

ဘာစီလိုနာအသင်းက ဆီဗီလာအသင်း ခံစစ်ကစား သမား ခွန်ဒေးကို ခေါ်ယူနိုင်ပြီဟု အတည်ပြုကြေညာ ခဲ့ရာ  မကြာမီ အပြီးသတ်စာချုပ်   ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ်  ခွန်ဒေးကို   ချယ်လ်ဆီးအသင်းက   ပြီးခဲ့သည့်နှစ်   နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက    ခေါ်ယူရန် နီးစပ်ခဲ့သော်လည်း စာရွက်စာတမ်းလွှဲပြောင်းမှု  နောက်ကျခဲ့မှုများကြောင့် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။