အားကစား

ရာသီကြိုခြေစမ်း ပွဲစဉ်များတွင် ချယ်လ်ဆီးအသင်း ရလဒ် မကောင်းမှုကြောင့် လိုအပ်သည့် ကစားသမားများကို ခေါ်ယူပေးရန် နည်းပြတူချယ်လ် အသင်းထံ တောင်းဆို

ရာသီကြိုခြေစမ်း ပွဲစဉ်များတွင် ချယ်လ်ဆီးအသင်း ရလဒ် မကောင်းမှုကြောင့် လိုအပ်သည့် ကစားသမားများကို ခေါ်ယူပေးရန် နည်းပြတူချယ်လ် အသင်းထံ တောင်းဆို

ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်က ရာသီကြို ခြေစမ်းပွဲစဉ်များတွင် ရလဒ်မကောင်းခဲ့သဖြင့် လာမည့် ရာသီသစ်အတွက် အသင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်မှု လိုအပ်နေသောကြောင့် ကစားသမားအသစ်များ  ခေါ်ယူဖြည့်တင်းပေးရန်  အသင်းထံ  တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းခေါ်ယူလိုနေသည့် တောင်ပံခံစစ် ကစားသမား ဒမ်းဖရိုင်းအတွက် ပြောင်းရွှေ့ကြေးကို အင်တာမီလန် အသင်းက ယူရို သန်း ၅၀ တန်ကြေး သတ်မှတ်ထား

မန်ယူအသင်းခေါ်ယူလိုနေသည့် တောင်ပံခံစစ် ကစားသမား ဒမ်းဖရိုင်းအတွက် ပြောင်းရွှေ့ကြေးကို အင်တာမီလန် အသင်းက ယူရို သန်း ၅၀ တန်ကြေး သတ်မှတ်ထား

အင်တာမီလန်အသင်းသည်  မန်ယူအသင်းက ခေါ်ယူလိုနေသည့်  တောင်ပံခံစစ် ကစားသမား  ဒမ်းဖရိုင်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ တန်ကြေး သတ်မှတ်ထားကြောင်း သိရသည်။

အာဆီယံချန်ပီယံရှစ်အမျိုးသမီး ယူ- ၁၈ ပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့်အနိုင်ရ

နေပြည်တော်  ဇူလိုင်  ၂၅

အာဆီယံချန်ပီယံရှစ်အမျိုးသမီး ယူ- ၁၈  ပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့်အနိုင်ရ

အင်ဒိုနီးရှားနိုင်ငံတွင်  အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံချန်ပီယံရှစ် (AFF Championship 2022)အမျိုးသမီး ယူ-၁၈ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ယနေ့ ညပိုင်းတွင် ယှဉ်ပြိုင်ကစားရာမြန်မာအသင်းက မလေးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား) ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၂၅

ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား) ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ ဆက်လက်ကျင်းပသည်။

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာ

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာ

ရန်ကုန် ဇူလိုင် ၂၅

ထိုင်းနိုင်ငံတွင်ကျင်းပမည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ တက္ကသိုလ် အားကစားအဖွဲ့ ပထမအသုတ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့     ထွက်ခွာသွားကြသည်။

တိုက်စစ်မှူး စီရော်နယ်ဒိုကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးမှသာ မန်ယူအသင်းမှ ထွက်ခွာခွင့်ပြုမည်

တိုက်စစ်မှူး စီရော်နယ်ဒိုကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးမှသာ မန်ယူအသင်းမှ ထွက်ခွာခွင့်ပြုမည်

မန်ယူအသင်းသည်   တိုက်စစ်မှူး စီရော်နယ်ဒိုကို မဖြစ်မနေ လက်လွှတ်ရမည်ဆိုပါက စာချုပ်ပါအချက်အလက်များအရ တစ်နှစ်ထပ်မံ သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးမှသာ   ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လီဗာပူးအသင်းက လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားအသစ်များ ထပ်မံခေါ်ယူမည် မဟုတ်ကြောင်း နည်းပြကလော့ အတည်ပြု

လီဗာပူးအသင်းက လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားအသစ်များ ထပ်မံခေါ်ယူမည် မဟုတ်ကြောင်း နည်းပြကလော့ အတည်ပြု

လီဗာပူးအသင်း နည်းပြကလော့က လက်ရှိ နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလအတွင်း ကစားသမားအသစ်များ ထပ်မံခေါ်ယူမည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူရန် အသင်း ရုပ်သံမူပိုင်ခွင့်များ ရောင်းချ

ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူရန် အသင်း ရုပ်သံမူပိုင်ခွင့်များ ရောင်းချ

ဘာစီလိုနာအသင်းက လက်ရှိတွေ့ကြုံနေရသည့် အသင်းဘဏ္ဍာရေး အကျပ်အတည်း များကို ဖြေရှင်းပြီး ခေါ်ယူထားသည့် ကစားသမားသစ်များကို ကစားသမား မှတ်ပုံတင်နိုင်ရန်နှင့် ကစားသမားသစ်များ ထပ်မံခေါ်ယူရန်   အသင်း ရုပ်သံမူပိုင်ခွင့်ရာခိုင်နှုန်း တချို့ကို ရောင်းချခဲ့ကြောင်း သိရသည်။

အမျိုးသမီး ယူရိုပြိုင်ပွဲတွင် ပြင်သစ်အမျိုးသမီး အသင်းက အချိန်ပိုပယ်နယ်တီ သွင်းဂိုးဖြင့် နယ်သာလန် အမျိုးသမီးအသင်းကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်

အမျိုးသမီး ယူရိုပြိုင်ပွဲတွင် ပြင်သစ်အမျိုးသမီး အသင်းက အချိန်ပိုပယ်နယ်တီ သွင်းဂိုးဖြင့် နယ်သာလန် အမျိုးသမီးအသင်းကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်

အင်္ဂလန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အမျိုးသမီး ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်အဖြစ်  ကစားခဲ့သည့် ပြင်သစ်အမျိုးသမီး အသင်းနှင့် နယ်သာလန်အမျိုးသမီး အသင်းတို့ပွဲစဉ်တွင် ပြင်သစ် အမျိုးသမီးအသင်းက အချိန်ပိုပယ်နယ်တီ သွင်းဂိုးဖြင့် အနိုင်ရရှိပြီး  ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသားအသက် ၂၅ နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

အမျိုးသားအသက် ၂၅ နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၂ ခုနှစ်  ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား အသက် ၂၅ နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၄ ရက်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  အမှာစကား ပြောကြားသည်။